ကလေးမြို့ – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း)
စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်ရှုတ်ချနေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ ပြည်သူလူထုနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်က ကြိုးပေးသတ်ဖြတ်ဖို့ စီစဉ်ထားခံရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးနဲ့အတူရပ်တည်ကြောင်းနဲ့ ကလေးဒေသမှာ မနေ့ကကျဆုံးခဲ့ရတဲ့ ကိုခုပ်ဇိုးမုန်(ခ)ခုပ်ပီး၊ ကိုအောင်မင်းခန့်(ခ)ကိုငဝိုင်းတို့အတွက် သပိတ်လူထုက ဆုတောင်းဂုဏ်ပြုခဲ့ကြပါတယ်။
ကိုခုပ်ဇိုးမုန်(ခ)ခုပ်ပီး၊ ကိုအောင်မင်းခန့်(ခ)ကိုငဝိုင်းတို့ဟာ မနေ့က အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။
ဒီကနေ့သပိတ်ရဲ့ ခေါင်းစဉ်ကတော့ ” ယုံကြည်ချက်ကို သေဒဏ်ချလို့မရ” ဖြစ်ပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆိုရင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာတာ ၆၆၈ ရက်ရှိလာပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

