စစ်ကိုင်း – ၂၀၂၂ နိုဝင်ဘာ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့ တပ်မ ၃၃ ထဲကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်က စစ်သားတစ်ဦးကို ဒီကနေ့ အရှင်ဖမ်းမိခဲ့တယ်လို့ နဂါးနီပျောက်ကျားတပ်ဖွဲ့ (မတ္တရာ)ဆီကသိရပါတယ်။
ကိုယ်ပိုင်အမှတ် တတ/၁၃၀၁၁၇ ကိုင်ဆောင်တဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သား လွှမ်းကိုကို ကို စစ်ဆေးဖမ်းဆီးရမိခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ကင်းထောက်လာတာဆိုတော့ လက်နက်တော့မပါဘူး၊ စစ်ကြည့်မှသူက စစ်သားဆိုတာသိတာ၊ မူးလည်းမူးနေတော့မနည်းစစ်မေးရတယ်”လို့ ကောင်းကင်တော်လှန်ရေးအင်အားစုကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဖမ်းဆီးရမိပြီးနောက် အာဏာသိမ်းစစ်တပ်က စစ်သား ၁၀ ယောက်ဝန်းကျင် လက်နက်အပြည့်အစုံနဲ့ လိုက်လာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးတယ်လို့ နဂါးနီပျောက်ကျားတပ်ဖွဲ့ (မတ္တရာ)ကဒီကနေ့ထုတ်ပြန်ထားပါတယ်။
#Dailynews

