ရေစကြို – ၂၀၂၂ အောက်တိုဘာ ၁၉ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်က တောင်ဦးကျေးရွာကို အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ မနေ့က ဝင်ရောက်မီးရှို့ခဲ့တာကြောင့်နေအိမ် ၁၆လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေဆီကသိရပါတယ်။
မီးလောင်သွားတဲ့ အိမ် ၁၆ လုံးမှာ ၁၀ လုံးဟာ ပြာကျခဲ့တယ်လို့ ရွာထဲရှင်းလင်းရေးဝင်လုပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
” အိမ်က အိမ်ကြီးအိမ်ကောင်းတွေပဲ ရှို့ခံရတာ၊တိုက်အိမ်တွေပဲ၊သူတို့ကအိမ်ထဲက ယူချင်တာတွေယူပြီးအိမ်တွေကိုမီးရှို့ခဲ့တာ၊အကုန်ပျက်စီးတာတော့ ၁၀လုံးပါ “လို့ ဒေသခံက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတွေလည်းရွာထဲ ပြန်ဝင်ရောက်လာပြီး နေအိမ်မီးလောင်သွားတဲ့မိသားစုဝင်တွေအတွက် ငွေကြေးထောက်ပံ့မှုလိုအပ်လျက်ရှိတယ်လို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲဝင်ရောက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ မနေ့က ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်သား ခြောက်ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ကထုတ်ပြန်ထားပါတယ်။
ပုံစာ – တောင်ဦးရွာက မီးရှို့ခံထားရတဲ့နေအိမ်များ။
ဓာတ်ပုံ – Yesagyo Township Info Committee
#Dailynews

