ရေစကြို – ၂၀၂၂ အောက်တိုဘာ ၁၈ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးရွာကို မနေ့ မွန်းလွဲ ၂:၀၀ နာရီက မီးရှို့နေတဲ့ အာဏာသိမ်းစစ်တပ် စစ်သားတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရေစကြိုမြို့နယ်ထဲကို အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ တောင်ဦးရွာကိုမီးရှို့နေချိန်မှာ
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
” ရွာက်ို မီးရှို့နေချိန်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ သူတို့ဘက်ကလည်းပြန်လည်ပစ်ခတ်ပါတယ်၊ မီးလောင်တဲ့နေအိမ်ကိုတော့အတိအကျမသိရသေးပါဘူး၊ အဝေးကနေလှမ်းမြင်ရတာတော့မီးများတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်၊ တာဝန်ရှိသူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ သံပြာချောင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး တောင်ဦးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မနေ့က မနက် ၉:၀၀ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂ မဟာမိတ်တပ်ဖွဲ့များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
#Dailynews

