ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)ဟာ ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့အတူ တော်လှန်ရေးသပိတ်ဟောပြောမှုတစ်ရပ်ကို ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
ဒေသအတွင်းရှိ တော်လှန်သောကျောင်းသားလူငယ်တွေထံ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ပညာရေးသပိတ်တိုက်ပွဲ ဆက်လက်အားကောင်းလာစေဖို့အတွက် တော်လှန်ရေးသပိတ်တရားဟောပြောမှုတွေပြုလုပ်တာလို့ သပိတ်ကော်မတီကဆိုပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်ကိုသပိတ်မှောက်လာတာရက်ပေါင်း(၆၁၃)ရက်ရှိခဲ့ပြီဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

