မတ္တရာ – ၂၀၂၂ ဩဂုတ် ၁၇ (မော်ကွန်း)
မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာကို ဒီကနေ့မနက် အာဏာသိမ်းစစ်တပ်ကဝင်ရောက်စီးနင်းပြီး နေအိမ်နှစ်လုံးကို ရိုက်ဖျက်ဆီးသွားရာမှာ တစ်အိမ်ဟာ Non CDM ရဲတစ်ဦးရဲ့နေအိမ်ဖြစ်နေတယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်ကျားကြီးကပြောပါတယ်။
” ဗိုလ်ကျားကြီးအဖွဲ့ ကောက်ရိုးပုံရွာကိုရောက်နေတယ်ဆိုပြီးသတင်းကြားလို့ သူတို့က ၃၂ ယောက် ရွာထဲကိုဝင်စီးတာ၊ ပထမ အိမ်တစ်အိမ်ကို ရိုက်ဖျက်တယ်၊နောက်တစ်အိမ်က ရဲအိမ်၊CDM မဝင်ထားဘူး၊သူ့အိမ်ကိုပါမှားရိုက်ဖျက်သွားတာ”လို့ ဗိုလ်ကျားကြီး ကပြောပါတယ်။
ကောက်ရိုးပုံရွာဒေသခံတွေကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကိုကြောက်လို့ ထွက်ပြေးနေကြရတယ်လို့ပြောပါတယ်။
နေအိမ်နှစ်အိမ်ကို ဖျက်ဆီးသွားပြီး ပစ္စည်းတွေကိုလည်း အာဏာသိမ်းစစ်တပ်ရဲ့ ထုံးစံအတိုင်း ခိုးယူသွားကြတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့လို့ ပျက်စီးသွားတဲ့ ပြည်သူ့နေအိမ် အနည်းဆုံး ၁၉,၀၀၀ နီးပါးရှိတယ်လို့ Data For Myanmar က ဇွန်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။
#Dailynews

