ကော့ကရိတ် – ၂၀၂၂ ဩဂုတ် ၁၅ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်လက်အောက်ခံကော့ကရိတ်မြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်အပြီးမှာ ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေပါတယ်။
လတ်တလောအချိန်ထိ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး အလုံးရေ ၄၀ ဝန်းကျင်ပစ်ခတ်ထားပြီး ရပ်တန့်ခြင်းမရှိသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နံနက် ကော့ကရိတ်ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ကနဦးသတင်းရရှိချက်အရ အာဏာသိမ်းစစ်တပ်ဘက်က တစ်ဦးသေဆုံးပြီး လက်နက်ပါ ရရှိထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်၊ ပျက်စီး၊ ဒဏ်ရာရရှိမှုအခြေအနေတွေ မသိရသေးဘဲ နီးစပ်ရာ တိမ်းရှောင်ခိုလှုံနေကြရပါတယ်။
#Dailynews

