ဝက်လက် – ၂၀၂၂ ဩဂုတ် ၁၃ (မော်ကွန်း)
ဝက်လက်မြို့နယ်ထဲက ကမ်းဖြူရွာနဲ့ ရွာသာကျေးရွာကြားကို ကမ်းကပ်လာတဲ့ အာဏာသိမ်းစစ်တပ်စက်လှေဟာ ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ အင်အား ၂၀ ယောက်က ကမ်းကပ်လာချ်ိန်မှာ ပကဖအဖွဲ့က အရင်ပစ်ခတ်နိုင်ခဲ့ပြီး စစ်သားလေးဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
” လေးယောက်က တခါတည်းသေတာ၊လက်နက်တော့ကောက်ချိန်မရလိုက်ဘူး၊သူတို့က စက်လှေကို အတင်းပြန်မောင်းသွားလို့၊ဒါတောင်တိုက်ပွဲ ဖြစ်တာမဟုတ်ဘူး၊ ကျည်က ရှစ်သိန်းဖိုးလောက်ကုန်တယ် ” လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ကျားကြီးကပြောပါတယ်။
စက်လှေပေါ်ပါ စစ်သားလေးဦးပွဲချင်းပြီးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ သုံးဦးလည်း ထုံးကြီးဆေးရုံမှာ ဒီကနေ့ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ဗိုလ်ကျားကြီးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ပကဖအဖွဲ့က ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ပြောပါတယ်။
ဒီကနေ့ညနေပိုင်းမှာ ကျွန်းကြီးရွာက နေအိမ်သုံးအိမ်ကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး အိမ်တွင်းကပစ္စည်းတွေကိုခိုးသွားပြီး ဒေသခံရွာသားတွေ ညတွင်းချင်းစက်လှေနဲ့ထွက်ပြေးတ်ိမ်းရှောင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။
#Dailynews

