ပုလဲ – ၂၀၂၂ ဇူလိုင် ၇ (မော်ကွန်း)
ဆဲဗင်းဂျူလိုင် နှစ်(၆၀)ပြည့် နိုင်ငံတဝန်း နေရာအသီးသီးမှာ ဆန္ဒထုတ်ဖော်မှုတွေနဲ့အတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကလည်း ဒီကနေ့ ဒေသခံပြည်သူလူထုအင်အားတွေနဲ့အတူ ဆန္ဒပြကြတဲ့မြင်ကွင်းဖြစ်ပါတယ်။
“ရွာတွေကို မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ကာ အရက်စက်ဆုံး၊ အယုတ်မာဆုံး ဖိနှိပ်လေလေ ပုလဲပြည်သူတွေက ပုန်ကန်ထကြွလေလေ” လို့ ပုလဲလူထုသပိတ်တိုက်ပွ ဦးဆောင်ကော်မတီက ကြေညာပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေနဲ့အတူ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးပေးရင်း ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။
ဓါတ်ပုံ – ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
#Dailynews

