မန္တလေး – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း)
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်(ဋ)ရပ်ကွက်က နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်၉း၀၀နာရိီဝန်းကျင်မှာ ကျူးအိမ်တွေလို့ဆိုကာ ထပ်မံဖျက်ဆီးခဲ့တယ်လို့မြို့ခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မနက်ပိုင်းမှာ လာရောက်ဖြိုတဲ့အတွက် အလုပ်သွားချိန်ဖြစ်နေတာကြောင့်အိမ်ထဲကပစ္စည်းတွေကိုရွှေ့ချိန်မရလိုက်ဘူးလို့နေအိမ်အဖျက်ခံရသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“အလုပ်သွားချိန်ကြီးလာဖြိုတာဆိုတော့ ဘာမှကိုသယ်ချိန်မရလိုက်ပါဘူး၊ဒီဘက်အပိုင်းကိုဖြိုလိမ့်မယ်လို့လဲ မထင်ထားတော့ကြိုမရွေ့လိုက်ရတာ၊ ဖြိုတဲ့အောက်ထဲပိနေတဲ့ ကျန်တဲ့အသုံးအဆောင်ပစ္စည်းနည်းနည်းပဲ ညနေမှ ပြန်ထုတ်ရတယ်”လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
သုံးထပ်တိုက်အိမ်တွေပါအဖျက်ခံလိုက်ရတယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီကနေ့မှာ အင်အား ၁၅၀ ဝန်းကျင်နဲ့ လမ်းတွေကိုပိတ်ဆို့ပြီး ဘူဒိုဇာတွေနဲ့ နေအိမ် ၁၀၀ ဝန်းကျင်ကို ဖျက်ဆီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဇွန်လ ၈ရက်နေ့ကလည်း (ဋ) ရပ်ကွက်က ပြည်သူတွေရဲ့ နေအိမ် ၂၀၀ ဝန်းကျင်ကိုဖျက်ဆီးခဲ့သေးတာကြောင့် အခုဒုတိယအကြိမ် ၁၀၀ လောက်နဲ့ဆို စုစုပေါင်း ၃၀၀ ကျော်ကို ဖျက်ဆီးသွားတာပါ။
ဓါတ်ပုံ – CJ
#Dailynews

