ဖားကန့် – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပေမယ့် မြို့ခံပြည်သူလူထုရဲ့ သပိတ်တွေကတော့ နေ့စဉ်ရက်ဆက် လမ်းမပေါ်ထွက်နေတုန်းပါပဲ။
ဒီကနေ့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြောင်း၊ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း၊ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကန့်ကွက်ကြောင်း ထုတ်ဖော်ဆန္ဒပြကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

