ကလေး – ၂၀၂၂ မေ ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေ ၆း၀၀ ဝန်းကျင်က စတင်ပြီးမီးရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” ဒီညတော့ကျီးလန့်စာစားတဲ့အခြေအနေပေါ့၊နတ်ချောင်းမှာလက်ရှိမီးရှို့နေတာ ၊ မီးညွန့်တွေဆိုရင် သစ်ပင်တဖျားလောက်တက်တယ်ရှို့နေတာ၊တော်တော်လေးကိုအိမ်ကဆက်နေပြီ၊ဆက်တိုက်ကိုရှို့နေတာ၊နေရာကွက်ကြားမဟုတ်ဘူး၊အိမ်တွေကိုဆက်တိုက်ဆက်တိုက်ရှို့နေတာ”လို့သတင်းရင်းမြစ်က ဆိုပါတယ်။
အခု စစ်တပ်မီးရှို့နေတဲ့နေရာဟာ နတ်ချောင်းစာသင်ကျောင်းရဲ့အနောက်ဘက်က နေအိမ်တွေဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ရွာခံပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အာဏာသိမ်းစစ်တပ် နတ်ချောင်းရွာကိုမီးရှို့တာ ယခုအပါအဝင် ငါးကြိမ်ရှိပြီဖြစ်ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ခံထားရပြီးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းရဲ့ မြို့နယ်အများစုကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပြီး သတင်းအချက်အလက်ပေးပို့မှုတွေ အခက်အခဲရှိနေပါတယ်။
ပုံစာ – နတ်ချောင်းရွာနောက်ဆုံးမီးရှို့ခံရစဉ်က မြင်ကွင်း
ဓါတ်ပုံ – CJ
#Dailynews

