ရန်ကုန် – ၂၀၂၂ မေ ၁၈ (မော်ကွန်း)
ရန်ကုန်သပိတ်လူငယ်တွေရဲ့ အစီအစဉ်ဟာ ပေါက်ကြားသွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဟာ အရပ်ဝတ်၊ လက်နက်ကိုင်တွေနဲ့ ပိတ်ဆို့ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် ဖမ်းဆီးမခံရဘဲ နေရာပြောင်းကာ လှိုင်မြို့နယ်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီသပိတ်မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ အလုံလူငယ်တပ်ဦး၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(ဗဟို)၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုတို့ ပါဝင်ပြီး ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့)က ဦးဆောင်တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့၊ အင်းစိန်လမ်း၊ သုခမှတ်တိုင်မှာ အာဏာသိမ်းစစ်တပ်ဟာ ပိတ်ဆို့ထားကာ လူငယ်အနည်းဆုံး ၁၅ ဦးကို ဖမ်းဆီးထားပြီး အဆိုပါလူငယ်တွေဟာ သပိတ်နဲ့မဆိုင်သူတွေဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ကြေညာထားပါတယ်။
ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#Dailynews

