ယင်းမာပင် – ၂၀၂၂ မတ် ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာနှစ်ရွာကို ဝင်ရောက်မီးရှိခဲ့ပြီး ရွာသူရွာသားတွေကိုပါ ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ နေ့လယ်က ယင်းမာပင်မြိုနယ် ၊ ဆည်ထန်းတောကြီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး နေအိမ်များကို မီးရှိဖျက်ဆီးခဲ့တာပါ။
နေအိမ် (၁၄)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီး ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကာ ဖမ်းဆီးခံရတဲ့ ရွာသူရွာသားတွေလည်း အများအပြားရှိကြောင်း ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆည်ထန်းတောကြီးကျေးရွာကိုမဝင်ရောက်မီ မနက်ပိုင်းက ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျေးစာကျကျေးရွာက နေအိမ်တစ်လုံးကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
“ကျေးစာကျတစ်ရွာတည်းတင် ထွက်ပြေးရတဲ့စစ်ဘေးရှောင် ခန့်မှန်းခြေ၅၀၀နီးပါးရှိပါတယ်။ ဆည်ထန်းတောကြီးရွာက ပစ္စည်းတွေလည်း သိမ်းသွားတယ်လိုပြောတယ်”လို့ ယင်းမာပင်နယ်ခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့မနက် ၁၁း၀၀ နာရီဝန်းကျင်က အဆိုပါကျေးရွာတွေနဲ့ မနီးအဝေးက ရဲတပ်ရင်း ၂၈ နဲ့ ယမားတံတား မြောက်ဘက်ကြားမှာ နယ်ခံPDFအဖွဲတွေရဲ့ မိုင်းခွဲတိုက်ခိုက်တာကို ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူများတယ်လို ဒေသခံတွေကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရလို အနီးနားက ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး မီးရှိခဲ့ခြင်းဖြစ်ကြောင်း နယ်ခံတွေက ပြောပါတယ်။
ပုံစာ – ဆည်ထန်းတောကြီးရွာ မီးလောင်ပျက်စီးမှုအခြေအနေ
ဓါတ်ပုံ-နယ်ခံ
#Dailynews

