မန္တလေး – ၂၀၂၂ မတ် ၅ (မော်ကွန်း)
မန္တလေးမြို့မှာ အာဏာသိမ်း စစ်တပ်ကို ဆရာတော်သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေစုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ မန္တလေးရဲ့ မြို့လယ်ခေါင် ဈေးတစ်ခုမှာ ရဟန်းသံဃာတော်များ၊ ကျောင်းသားပြည်သူများရဲ့ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ LGBT လူငယ်သပိတ်စစ်ကြောင်းတွေစုပေါင်းကာ အထွေထွေသပိတ်တပ်ပေါင်းစု စစ်ကြောင်းအဖြစ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပါ။
“ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” စာသားကိုကိုင်ဆောင်ပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ကြဖို့ ဆန္ဒပြတိုက်တွန်းခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့တွင်းလှည့်လည်စစ်ဆေးနေပြီး ယခုရက်ပိုင်းအတွင်းမှာပဲ စစ်အာဏာရှင်ကိုဆန့်ကျင်နေကြသူတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။
ဓါတ်ပုံ-သံဃသမဂ္ဂမန္တလေး
#Dailynews

