အာဏာသိမ်းစစ်တပ်နဲ့ဆက်စပ်တဲ့ ထုတ်ကုန်တွေကို သယ်ယူရောင်းချပါက ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးယူမည်

အာဏာသိမ်းစစ်တပ်နဲ့ဆက်စပ်တဲ့ ထုတ်ကုန်တွေကို သယ်ယူရောင်းချပါက ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးယူမည်

ဂန့်ဂေါ – ၂၀၂၂ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံအဖွဲ့တွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို တင်သွင်း၊သယ်ယူ၊ရောင်းချပါက ထိရောက်စွာ အရေးယူမယ်လို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထုတ်ကုန်များနဲ့ ပတ်သက်တဲ့ သတိပေးကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတိပေးထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ Army Rum, Andaman Gold Blue, Andaman Gold Special, Black Shield Stout,Mandalay Beer, Myanmar Beer, Myanmar Premium Beer, Dagon Extra Strong Beer, Dagon Fresh Lemon Sparkling, Dagon Fresh Soda, Dagon Gin, Dagon Larger Beer, Dagon Malta Fresh, Dagon Rum, Dagon Single Malt Larger Beer, Dagon၊ Super Larger Beer စတဲ့အရက်၊ဘီယာတွေပါဝင်ပါတယ်။

ဒါအပြင် Red Ruby, Premium Gold ဆေးလိပ်များ၊ ရွှေဖီဦးတံဆိပ်လက်ဖက်ရည်နှင့်ကော်ဖီ၊ နန်းမြိုင်ကော်ဖီ၊ ငွေပင်လယ် ရေထွက်ကုန်များ၊ Sun Condensedနို့ဘူး၊ Royal Karaweikသကြား၊ Nay Pyi Tawသောက်ရေသန့်၊ Seven Sweetened condensedနို့ဘူး၊ Speedအချိုရည်၊ 440 volt အချိုရည် စတဲ့စားသောက်ကုန်တွေလည်း ပါဝင်ပါတယ်။

နောက်ထပ်အနေနဲ့ ပဒုမ္မာဆပ်ပြာ၊ ဂေါ်ဇီလာဆပ်ပြာ၊ ဂေါ်ဇီလာခြင်နိုင်ဆေး၊ ဂေါ်ဇီလာလက်သန့်ဆေး၊ Dentomecသွားတိုက်ဆေးနှင့် သွားတိုက်တံ၊ Dagonလက်သန့်ဆေး၊ Mytel ဆင်းမ်ကတ်၊ Mytelငွေဖြည့်ကတ် စသည့်လူသုံးကုန်များ၊ ဆင်မင်းတံဆိပ်ဘိလပ်မြေ၊ ကြံ့တံဆိပ်ဘိလပ်မြေ၊ ၎င်းထုတ်ကုန်များအပြင် စစ်တပ်နှင့် ၎င်းဆက်နွယ်ကုမ္ပဏီများ၊ အမည်ပျက်စာရင်းပါ ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်တွေကို တင်သွင်း၊သယ်ယူ၊ရောင်းချပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတဆင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးခဲ့ပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."