ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း)
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်ဟာ ဒီကနေ့မှာ လမ်းမပေါ်ချီတက် ဆန္ဒပြရင်း ကျဆုံးရဲဘော်တွေကို ဂုဏ်ပြုအောက်မေ့ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၂၊ ဖေဖော်ဝါရီ(၄)ရက်က ကလေးမြို့၊ပြင်သာရွာတိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့
၁။ကိုရာဇာထွန်း ၂၅နှစ်
၂။ကိုချန်တူးဝမ် ၃၈နှစ်
၃။မောင်အောင်အောင်ထူး ၁၈နှစ်
၄။မောင်အောင်မျိုးထွန်း ၁၈နှစ်
၅။ကိုရှိန်းထက်နှောင် ၂၀နှစ်
၆။ကိုလွမ်းနိုင် ၃၁နှစ်
၇။ကိုနေမျိုးအောင် ၂၁နှစ် တို့အတွက် ဖယောင်းတိုင်ထွန်း အောက်မေ့ခြင်းနဲ့ နှင်းဆီပန်းချဂုဏ်ပြုခြင်းအစီအစဉ်ကို ပင်မသပိတ်က ပြုလုပ်ခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆို ၃၆၉ ရက်ရှိလာပါပြီ။
ဓါတ်ပုံ – CJ
#Dailynews

