မန္တလေး -၂၀၂၂ ဖေဖော်ဝါရီ ၉ (မော်ကွန်း)
မန္တလေးမြို၊ မဟာအောင်မြေမြိုနယ်၊ စိန်ပန်းရပ်ကို အာဏာသိမ်းစစ်တပ်က အင်အားရာချီအသုံးပြုပြီး အဝင်အထွက်တွေပိတ်ဆိုကာဝင်ရောက် စီးနင်းရှာဖွေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက်အစောပိုင်းက မဟာအောင်မြိုနယ်၊ စိန်ပန်းတိုက်နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ချော်ဆိပ်ရပ်ကွက်၊ မင်းကုန်းရပ်ကွက်တွေထဲကို အင်အား နှစ်ရာခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့ဖြစ်ပြီး အ.ထ.က ၂၄ ထဲကိုလည်း တပ်စွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။
“မနက်အစောကတည်းက ရောက်နေတာ။ လမ်းတွေလည်းပိတ်ထားတယ်။ ပုံတွေကိုင်ပြီးလိုက်စစ်နေတာ”လို့ စိန်ပန်းနယ်ခံတစ်ဦးက ပြောပါတယ်။
၄၁လမ်းမကြီးတစ်လျှောက် ၈၆လမ်းမှ အနောက်တာရိုး ကုန်စျေးတန်းညစျေးထိပ်အထိ လမ်းတစ်ပြစီတိုင်းမှာ ရဲနဲ့စစ်သားတွေချထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေလည်းရှိနေပြီး အရေအတွက်မသိရသေးဘူးလို ဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေးစိန်ပန်းနယ်ဟာ နွေဦးတော်လှန်ရေးကာလမှာ အာဏာရှင်ဆန့်ကျင်ရေးတက်ကြွစွာပါဝင်ခဲ့ကြတဲ့ မြိုပေါ်ရပ်ကွက်ကြီးတစ်ခုဖြစ်ပါတယ်။
#Dailynews

