ကော်သူးလေနယ်မြေတွင် ဇန်နဝါရီ တစ်လအတွင်း အာဏာသိမ်းစစ်တပ်နှင့်နယ်ခြားစောင့်တပ်ဘက်က ၄၀၀ နီးပါး သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရ

ကော်သူးလေနယ်မြေတွင် ဇန်နဝါရီ တစ်လအတွင်း အာဏာသိမ်းစစ်တပ်နှင့်နယ်ခြားစောင့်တပ်ဘက်က ၄၀၀ နီးပါး သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရ

ကော်သူးလေ – ၂၀၂၂ ဖေဖော်ဝါရီ ၈ (မော်ကွန်း)

ကော်သူးလေနယ်မြေထဲကို ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ ဇန်နဝါရီလ တစ်လထဲမှာ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေဖြစ်ပြီး ၃၉၉ ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရရှိသူဟာလည်း ၃၀၀ ကျော်ရှိတယ်လို့ KNU က ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ကျူးကျော်မှုကို ကာကွယ်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဘက်ကတော့ ခုနှစ်ဦး ကျဆုံးခဲ့ရပြီး ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေဟာ ကော်သူးလေနယ်မြေထဲက ကျေးရွာတွေကို နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။

ဒါအပြင် မူတြော်နဲ့ ဒူးပလာယာခရိုင်တွေကိုလည်း ‌လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဇန်နဝါရီလထဲမှာပဲ အာဏာသိမ်းစစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲမှုတွေကြောင့် ကော်သူးလေပြည်သူ ၁၂ ဦးသေဆုံးခဲ့ရပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒူးသထူခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ အာဏာသိမ်းစစ်တပ်ကြောင့် ပြည်သူ ၇၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဆိုပါတယ်။

ပုံစာ – ဒီဇင်ဘာလအတွင်းက ရှေ့တန်းပြန် KNLA တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူလူထုက ကြိုဆိုနေကြစဉ်။
ဓာတ်ပုံ – KNU


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."