ရေး – ၂၀၂၂ ဇန်နဝါရီ ၂၅ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့က ပျူစောထီးခေါင်းဆောင်တစ်ယောက် ပစ်ခတ်ခံရလို့ ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ရေးပြောက်ကျားအဖွဲ့ (YGF) က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း YGF က ထုတ်ပြန်ပါတယ်။
” ရန်မျိုးအောင် ပျူစောထီးအဖွဲ့ခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းမှုကြောင့် စစ်ဆေးဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို YGF က အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ သလ္လာဝတီ (၁) လမ်းမှာရှိတဲ့ ပျူစောထီး အဖွဲ့ ဒုတိယခေါင်းဆောင် ရာဆင်းကိုလည်း YGF အဖွဲ့က မနေ့ညနေပိုင်းမှာ ၎င်းနေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ YGF ကဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူတွေ ရှိတယ်လို့ YGF ကထုတ်ပြန်ထားပါတယ်။
#Dailynews

