မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၂၅ (မော်ကွန်း)
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်၊မီးရှိူ့၊ အကြမ်းဖက်နေမှုတွေအတွက် မန္တလေးအင်ဂျင်နီယာများအဖွဲ့က ဒီကနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ နေ့လယ်ခင်းမှာ မန္တလေးမြို့က အင်ဂျင်နီယာများသပိတ်စစ်ကြောင်းဟာ မြို့တွင်းလမ်းမတွေထက် တက်ကာ စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြပါတယ်။
အခက်အခဲအတားအဆီးအမျိုးမျိုးကြားကနေ ယုံကြည်ချက်အပြည့်နဲ့ ကျရာနေရာကနေ ရဲရဲဝံ့ဝံ့ လာရောက်ပူးပေါင်းတော်လှန်ခဲ့ကြတဲ့ MEG အဖွဲ့သားများနဲ့ ဝန်းရံပြည်သူများအားလုံးကို ကျေးဇူးတင်လေးစားကြောင်း Mandalay EngineersGroup က အသိပေးခဲ့ပါတယ်။
ဓာတ်ပုံ – Poison
#Dailynews

