မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁၁ (မော်ကွန်း)
အကြမ်းဖက်ဖမ်းဆီးမှုတွေရှိနေပေမယ့် မန္တလေးမြို့က အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းဟာ မြို့လယ်ခေါင်လူစည်ကားရာနေရာမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ပညာရေးဝန်ထမ်းတွေဦးဆောင်တဲ့ ဒီသပိတ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ လှည့်လည်စစ်ဆေးလေ့ရှိတဲ့ မြို့လယ်ခေါင်လမ်းတွေပေါ် ဒီကနေ့ ညနေပိုင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။
ခြေလျင်လမ်းလျှောက်ဆန္ဒပြကြသလို ဆိုင်ကယ်တွေနဲ့လည်း လိုက်ပါဝန်းရံဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုကို ရန်ကုန်မှာလိုပဲ ကားနဲ့တိုက်ဖမ်းခဲ့တာကြောင့် ဆန္ဒပြလူငယ်တချို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ဓါတ်ပုံ-အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံသပိတ်
#Dailynews

