ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ပိုင် Mytel အော်ပရေတာ ရုံးချုပ်မှာ ဒီနေ့ရုံးမလာကြသူတွေ များတယ်လို့ Mytel ရုံးချုပ်က အရာရှိတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“အရောင်းဌာန မှာဆိုရင် အယောက်(၄၀) လောက်ရှိတယ်။ အကုန်လုံးခွင့်တိုင်ထားကြတာ။ လာမယ့်ရုံးဖွင့်ရက်ဆို လူကြီးပိုင်းတွေက ဝန်ထမ်းတွေကို ကြိတ်တော့မှာသိတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ကိုတားလို့မရဘူး။ ကျွန်မတို့လုပ်ချင်တာကျွန်မတို့လုပ်မယ်။” လို့ အဲဒီအရာရှိက ပြောပါတယ်။
ဒါ့အပြင်ကိုးမိုင်ခွဲမှာရှိတဲ့ Mytel ရုံးမှာ ဆိုရင်လည်း ထက်ဝက်နီးပါးလောက်ရုံးမလာကြဘူးလို့သူကပြောပါတယ်။
ဒီနေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီနေ့ကျရောက်တဲ့ လူအခွင့်အရေးကို ပြည်သူလူထုရဲ့ တိတ်ဆိတ်ခြင်းဖြင့်တော်လှန်ကြမယ်ဆ်ိုတဲ့ တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်နေတာပါ။
ဒီနေ့ နံနက် (၁၀) နာရီ ကနေ (၄) နာရီထိ အပြင်မထွက်ဘဲနေကြမှာ ဖြစ်ပါတယ်။
#Dailynews

