ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ပြည်သူတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်သတ်ခဲ့လို့ မနေ့က ကျည်ထိမှန် သေဆုံးသူတွေရှိခဲ့ပြီး ဒီလုပ်ရပ်အပေါ် ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်က ဆန္ဒပြသပိတ်မှောက်လိုက်ပါတယ်။
“လေကြောင်းတိုက်ခိုက်မှုနဲ့ ပြည်သူကို သတ်ဖြတ်နေခြင်း ချက်ခြင်းရပ်”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ကလေးမြို့ ပင်မသပိတ်ဟာ လှည့်လည်ချီတက် ဆန္ဒပြကြပါတယ်။
ဒီကနေ့ဟာ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ရဲ့ ၂၉၄ ရက်မြောက်နေ့ဖြစ်ပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

