မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ည ၇:၀၀ နာရီဝန်းကျင်ကစပြီး နေရာအနှံ့မှာ ပစ်ခတ်ပေါက်ကွဲသံတွေကြားနေရပြီး အပြင်ထွက်ကြည့်တဲ့ ဆယ်ကျော်သက်တစ်ဦး ကျည်မှန် သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“အသံတွေက ခါတိုင်းဒီလောက်မကျယ်ဘူး။ ခုက ဆက်တိုက်ပဲ နေရာအနှံ့ကြားနေရတာ။ ဗုံးတွေအရင်ဆက်တိုက်ပေါက်တယ်။ ပြီးမှ သေနတ်သံတွေကြားရတာ”လို့ ဒေသခံက ဆိုပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း အပေါ်ရဲစခန်း၊ အောက်အချုပ်ထောင်၊ ငါးရံ့အင်းစခန်း ၊ အ.ထ.က (၁) ကျောင်းအနီးနဲ့ အခြားနေရာတွေမှာ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတယ်လို့ ဒေသခံက ဆိုပါတယ်။
သေဆုံးသူဟာ ဆယ်ကျော်သက်အရွယ် အမျိုးသားဖြစ်ပြီး သေနတ်ဒဏ်ရာရပြီး ဆေးရုံပို့ဆောင်ခဲ့ပါသေးတယ်။
” ထွက်ကြည့်နေတာ လူတွေအများကြီးပဲ။ သူ့မှကျည်လာထိတာ”လို့ဒေသခံတစ်ဦးက ဆိုပါတယ်။
မိုးကုတ်မြို့တွင်းမှာတော့ ည ၈နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေဆက်လက်ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

