မုံရွာ-၂၀၂၁ နိုဝင်ဘာ ၁၆(မော်ကွန်း)
မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းအနီးမှာ ဒီနေ့မနက် ၁၀နာရီဝန်းကျင်က ဈေးလာဝယ်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က အရာခံဗိုလ်တစ်ဦးကို အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ)က သေနတ်နဲ့ ဦးခေါင်းတေ့ပစ်သတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“ဟုတ်တယ်။မနက်က ဈေးဝယ်ထွက်ရင်းပစ်ခံရတာ။တပ်ထဲစတုဒိသာကျွေးဖို့ဈေးလာဝယ်ရင်းပစ်ခံရတာတဲ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်အပြီး ရပ်ကွက်ထဲကို စစ်ကောင်စီတပ်တွေလာရောက်စစ်ဆေးတာတွေလုပ်နေတယ်လို့ အဲဒီဒေသခံကဆက်ပြောပါတယ်။
အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ)က စစ်တပ်သတင်းပေးလုပ်နေသူတွေကို အမြန်ဆုံးရပ်တန့်ဖို့ထုတ်ပြန်ထားပြီး သတင်းပေးဆက်လက်လုပ်ဆောင်နေပါက ငဲ့ကွက်မှာမဟုတ်ကြောင်း သတိပေးစာကို ဒီနေ့လယ်ကပဲ ထုတ်ပြန်ထားပါတယ်။
#Dailynews

