အရာတော် – ၂၀၂၁ နိုဝင်ဘာ ၁၆ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက တိုက်ခိုက်ပစ်ခတ်နေဆဲဖြစ်တဲ့ အရာတော်မြို့နယ်မှာ “PDF တို့ ချီလာပြီ ဒို့ပြည်သူတွေ စစ်ကျွန်ဘဝကလွတ်တော့မည်” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ လူထုသပိတ်စစ်ကြောင်းဟာ ပြည်သူ့ခုခံတော်လှန်စစ်ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးတာတွေပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ-အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ
ဗကသများအဖွဲ့ချုပ်
#Dailynews

