မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့က ရေဦးကြီးအထက်တန်းကျောင်းမှာ ဒီကနေ့ ဗုံးပေါက်ကွဲလို့ စစ်ကောင်စီတပ်က လာရောက် စစ်ဆေးနေချိန် ထပ်မံပေါက်ကွဲခဲ့ပြီး သေဆုံးသူတွေရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပထမတစ်ခါကျောင်းထဲ ဗုံး သုံးခါပေါက်တာ။ပေါက်တော့ သူတို့က စစ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးနဲ့ လာပြီးစစ်ဆေးတာ။ စစ်တဲ့အချိန်ထပ်ကွဲတာ၊ ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ၃ယောက်သေတယ်။
အရာရှ်ိထဲကတစ်ယောက်ပါတယ်လို့ကြားထားတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရေဦးကြီးကျောင်းမှာ Non CDM ဆရာမနှစ်ယောက်နဲ့အတူ ဆရာမ သားသမီးတွေ အရပ်ဝတ်နဲ့ကျောင်းတက်ကြပြီး ဗုံးပေါက်ကွဲမှုကြောင့် ရဲကားနဲ့ ပြန်လိုက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့တာကြောင့် ရပ်ကွက်ထဲမှာ ဆဲဆိုနေကာ လမ််းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
#Dailynews

