မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေက တက်ကြွလှုပ်ရှားသူတစ်ဦးအား ဝင်ရောက်ရှာဖွေရာ အိမ်မှားဝင်ရောက်ပြီး ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ညပိုင်းက မုံရွာမြို့နယ်၊ပေါက်ပင်ကျေးရွာကို စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး မုံရွာပင်မသပိတ်ကော်မတီဝင်-အမျိုးသမီး သပိတ်ကော်မတီဝင်တစ်ဦးရဲ့ နေအိမ်ကို လာရောက် ရှာဖွေခဲ့ပါတယ်။
ဒီလို ရှာဖွေရာမှာ ကျေးရွာထဲက အိမ်တစ်အိမ်ကို အိမ်မှားဝင်ရောက်ရာ နေအိမ်အတွင်းရှိသူတွေ ကြောက်လန့်၊ ထွက်ပြေးခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဒီလို ပစ်ခတ်လို့ နေအိမ်ရှိ အသက်၂၈ ဝန်းကျင်အရွယ် မမြလေးနွယ်ဟာ လည်ပင်းမှာတစ်ချက်နဲ့ ရင်ဝ တစ်ချက် ထိမှန်ကာ အသက်သေဆုံးသွားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းကို စစ်ကောင်စီတပ်တွေ ယူဆောင်သွားခဲ့ကြပြီး ဒီကနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်မှာ ပြန်လာပို့ကာ နေ့လယ် ၁၂:၃၀ မှာ သဂြိုလ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုံစာ – သေဆုံးရဲ့ နာရေးမြင်ကွင်း
ဓါတ်ပုံ-မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
#Dailynews

