ချောင်းဦး – ၂၀၂၁ နိုဝင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မနေ့မနက်ပိုင်းက ရွှေလှေကျေးရွာကနေ မွှေနှောက်ပစ်ခတ်ပြီးပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ ချောင်းဦး-ပခုက္ကူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက်၉နာရီ မိနစ်၃၀ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ ဟာ ရွှေလှေကျေးရွာမှအပြန် ပခုက္ကူ-ချောင်းဦးလမ်း မထိသာကျေးရွာ အနီးမှာ မိုင်းခွဲတိုက်ခိုက်ခံရတာပါ။
ဒီလို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား၂စီးပျက်စီးကာ ကားပေါ်မှာလိုက်ပါသူတချို့ သေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေလည်းရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“မိုင်းခွဲခံရတဲ့နားမှာ သိုးကျောင်းနေတဲ့ကလေးတစ်ယောက်ကိုတောင် လိုက်ပစ်တယ်ပြောတယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။
မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)၊ 27Revolution Force (မြင်းခြံ)၊ မြောင်မြို့နယ်TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ChuPDF) မဟာမိတ် (၄)ဖွဲ့ ပူးပေါင်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့ က ပဒေသာမိုင်း (၅)လုံး တွဲနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

