အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးနေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မနေ့ည ၈:၀၀ နာရီဝန်းကျင်ကတည်းက အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာကို ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ကြပါတယ်။
ဒီကနေ့တော့ စစ်ကောင်စီတပ်သား ငါးဆယ်ဝန်းကျင်နဲ့ ထပ်မံလာရောက်ခဲ့ပြီး ရွာထဲတင်ကမ ရွာနီးချုပ်စပ်တွေအထိ လိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီအချိန်မှာ ရွာထဲကအိမ်နှစ်လုံးထက်မနည်း ဝင်ရောက်ဖျက်ဆီးသွားခဲ့ပြီး ရွာပြင်က ယာစောင့်တဲတချို့ကိုပါမီးရှို့နေကာ နွားတစ်ကောင်ကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက အရာတော်မြို့နယ် တောင်ပိုင်း မလဲသာ/ကန်ရင်းရွာတွေ အနီးရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတွေကို စစ်ကောင်စီက အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံတပ်ဖွဲ့စခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
ဒါအပြင် ရွာခံပြည်သူနေအိမ်တွေဆီက ကားတစ်စီး၊ ဆိုင်ကယ်၊ ရွှေထည်ပစ္စည်းတချို့၊ ငွေ(၈)သိန်းကျော်နဲ့ ဖုန်းတွေကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ အရာတော်နယ်ကအပြန် မြင်းမူဘက်အထွက် ညောင်ပင်ရွာနဲ့ ကံသုံးဆင့်ရွာနားမှာ ဒေသတော်လှန်းတပ်ဖွဲ့တွေ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကျဆုံးသူများနှင့် ဒဏ်ရာရသူများရှိခဲ့ပါတယ်။
#Dailynews

