ရေး – ၂၀၂၁ အောက်တိုဘာ ၂၃ (မော်ကွန်း)
မွန်ပြည်နယ် ရေးမြို့ အစင်စံပြကျေးရွာ အုတ်ပုံရပ်ကွက်က ကြ က်ဝိုင်းတစ်ဝိုင်းကို မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က စစ်ကောင်စီ တပ်တွေ ဝင်ဖမ်းပြီး လူ ရှစ်ဦးကို ဖမ်းဆီးသွားကာ ဆိုင်ကယ် အစီး ၃၀ ခန့်ကိုသိမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယခင် လောင်းကစားဝိုင်းတွေကို စစ်ကောင်စီ တပ်တွေ ဝင်ဖမ်းစဉ်က သိမ်းခံရတဲ့ ဆိုင်ကယ်တွေနဲ့ ဖမ်းခံရတဲ့လူတွေကို ငွေကြေးနဲ့ညှိပြီး ပြန်ထုတ်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကြက်ဝိုင်းက အဲ့ခြံမှာနေ့တိုင်းရှိတယ်။ပုံမှန်ဆို အယောက် ၁၀၀ ဝန်းကျင် လောက်ရှိတယ်။ ခုက လူ ရှစ်ယောက် ဖမ်း သွားတယ်။ ဆိုင်ကယ်တွေကို ကားပေါ်တင် သွားတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
စစ်ကောင်စီတပ် က ကြက်ဝိုင်းကိုဝင်ဖမ်းပြီးနောက် ခြောက်ဘီးကား ၊ ခွေးဘီလူးကား စုစုပေါင်း ၂စီးနဲ့ ဆိုင်ကယ်တွေ အစီး ၃၀ ခန့် တင်သွားတယ်လို့သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့မှာ အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းတွေက နေ့တိုင်းရှိနေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

