မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၉ (မော်ကွန်း)
မနေ့က ညနေပိုင်းမှာ အရပ်ဝတ်နဲ့ အရက်သောက်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိုးကုတ်မြို့ အရှေ့ပိုင်း လယ်ဦးရပ်ကွက် အ.မ.က ၂၃ ကျောင်းနားမှာ ပစ်ခတ်ခဲ့လို့ အရာရှိတစ်ယောက်အပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” အရပ်ကားနဲ့လာတဲ့စစ်သားတွေပစ်ခံရတာ၊ သူတို့လာတဲ့လမ်းမှာ လက်နက်ကိုင်အဖွဲ့ကစောင့်နေပြီးလှမ်းပစ်တာ သုံးဦးကျတယ်၊ အရာရှိ တစ်ဦးနဲ့တပ်သားနှစ်ဦးကျတယ် “လို့ ဒေသခံက ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့နေရာဟာ အရက်ဆိုင်နဲ့မလှမ်းမကမ်းမှာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်၊ အရပ်ဘက်သုံး ကားနှစ်စီးနဲ့ လာရောက်ခဲ့တာလို့ ဆိုပါတယ်။
“အောင်သပြေဆိုင်မှာ အရက်လာသောက်တာ ၊အရပ်ကား နဲ့ နှစ်စီးလာတာ ၊အရပ်ဝတ်နဲ့လာတာ၊ ဗိုလ်မှူးတစ်ယောက်ပါတယ်၊ နှစ်စီးပေါင်းရင် ၁၀ယောက်လောက်ပါတယ်”လို့ ဒေသခံကဆိုပါတယ်။
အရက်ဆိုင်ကအထွက် ဝိုင်းပစ်တဲ့အချိန်မှာ ဗိုလ်မှူးပါတဲ့ အရှေ့ဆုံးကားဟာ လွတ်သွားပြီး အရာရှိတစ်ယောက်ပါတဲ့ နောက်ကားတစ်စီးကတော့ ကားရပ်ကာ ထွက်ပြေးချိန် အပစ်ခံရတာလို့ အဲဒီ့ဒေသခံကပြောပါတယ်။
#Dailynews

