ရေစကြို – ၂၀၂၁ အောက်တိုဘာ ၄ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မှာ ဒီနေ့ နံနက် ၉ နာရီ ဝန်းကျင်က မြို့အထွက်မှာရှိတဲ့ Date လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ လူငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ထဲထိုင်နေတဲ့ လူငယ်လေးတွေကို ပစ်ခတ်ဖမ်းတာပါ။ ခေါင်းထိသွားတဲ့လူငယ်တစ်ယောက်တော့ သေဆုံးသွားတယ်လို့ကြားတယ်”လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်ရှင်အပါအဝင် လူငယ် ငါးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ဖက်ရည်ဆိုင်ပတ်ဝန်းကျင်က နေအိမ်တွေကိုလည်း စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

