ရန်ကုန် – ၂၀၂၁ စက်တင်ဘာ ၃၀ (မော်ကွန်း)
ကယားပြည်နယ် ကရင်နီဒေသအတွင်းမှာ ဖမ်းဆီးထားတဲ့ စစ်ကောင်စီသတင်းပေးတချို့ကို ကရင်နီ ရဲဋ္ဌာနက ဆက်လက်ဖမ်းဆီးအရေးယူသွားမယ်လို့ ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။
အဲ့လို ဖမ်းဆီးတာဟာ ကရင်နီပြည်ရဲဌာန နဲ့ သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ သတင်းပေးသူဟု ယူဆရသူ ၁၀ ဦးကိုဖမ်းဆီးခဲ့ပြီးနောက် သက်သေအထောက်အထား မခိုင်လုံတဲ့ ငါးဦးကို ပြန်လည်လွှတ်ပေးခဲ့တာပါ။
ကျန်ခဲ့တဲ့ စစ်ကောင်စီသတင်းပေးငါးဦးကို ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်ရဲဌာနဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းရှိ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ပြီး ဩဂုတ် ၅ ရက် မှ စတင်ကာ CDM ရဲဝန်ထမ်း ၃၂၀ နဲ့ ကရင်ပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှု အောက်မှာဖွဲ့စည်းခဲ့တဲ့ အဖွဲ့ စည်းတစ်ခုလည်းဖြစ်ပါတယ်။
#Dailynews

