မူဆယ် – ၂၀၂၁ စက်တင်ဘာ ၂၈ (မော်ကွန်း)
မူဆယ်မြို့မှာ ယနေ့ တရုတ်ငွေ ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ၃၄,၅၀၀ ထိ စျေးရောက်ရှိနေတယ်လို့ ငွေလဲဈေးကွက်ကနေ သတင်းရရှိပါတယ်။
“နာရီပိုင်းတောင်စျေးမတူတော့ဘူး။ မြန်မာငွေက ဆက်တိုက်ကျနေတာ။ ခုက မြန်မာငွေကနေ ယွမ်ငွေလာလဲသူ နည်းသွားပြီ”လို့ ဒေသခံ ငွေလဲသူတစ်ဦးကဆိုပါတယ်။
စက်တင်ဘာလထဲမှာတင် တရုတ်ငွေ ယွမ် တစ်ရာကို မြန်မာငွေဟာ၂၅,၀၀၀ ကနေ့ ၃၄,၀၀၀ ကျော်ထိ တဖြည်းဖြည်းရောက်ရှိလာတာပါ။
” မူဆယ်မှာကုန်စျေးနှုန်းတွေ ဆက်တက်အုံးမယ်၊ငွေစျေးကလည်း ထပ်ကျဖို့ပဲရှိတယ်။ တစ်နာရီနဲ့တစ်နာရီတောင်စျေးမတူဘူး”လို့ ဒေသခံက ဆိုပါတယ်။
တရုတ် – မြန်မာနယ်စပ်မှာ တန်ဖိုးကျဆင်းလာတဲ့ မြန်မာငွေကနေ တရုတ်ငွေကို လဲလှယ်ပြီး ပစ္စည်းတွေ ဝယ်ယူရတာဖြစ်လို့ ဒေသခံတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
#Dailynews

