မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၅ (မော်ကွန်း)
ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့က သံဃာတော်တွေနဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဒီကနေ့ နံနက်ပိုင်းမှာ ၇၃လမ်းမကြီးပေါ် တက်ရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“ရွှေဝါရောင်စိတ်ဓာတ်ပဲ့တင်ထပ်၊ စစ်အာဏာရှင်အမြစ်ဖြတ်” ဆိုတဲ့ကြွေးကြော်သံနဲ့အတူ စစ်ကောင်စီတပ်တွေရှိနေတဲ့ ၇၃လမ်းမကြီးပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓါတ်ပုံ- Spring Diary
#Dailynews

