မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း)
မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စောင့်ကြပ်နေတဲ့ Mytel တာဝါတိုင်ဟာ ဒီကနေ့ နံနက်အစောပိုင်းမှာ ဗုံးခွဲခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
” မနက် ၂ နာရီ မှာ ဗုံးခွဲခံရတာ၊ အဲ့တာဝါတိုင်မှာ စစ်သားတွေ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စောင့်နေတာ ၊ တာဝါတိုင်တော့မလဲသွားဘူး ၊ အောက်ခြေက စက်တွေပျက်စီးသွားတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မရဲစခန်းကနေ သေနတ်သုံးချက်ဖောက်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
မိုးကုတ်မြို့မှာ မနေ့ညကလည်း နေရာတချို့မှာ လျှပ်စစ်မီးဖြတ်တောက်ခံထားရပြီး သေနတ်ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Mytel တာဝါတိုင် မိုးကုတ်မြို့မှာ ဖျက်ဆီးခံရတာဟာ ငါးတိုင်မြောက်ဖြစ်ပြီလို့ ဒေသခံတွေကဆီက သိရပါတယ်။
#Dailynews

