ရေး – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း)
မွန်ပြည်နယ် ရေးမြို့ အစင်စံပြကျေးရွာက ဖဲဝိုင်းမှာ အသိမ်းခံလိုက်ရတဲ့ဆိုင်ကယ် ၂၁ စီးကို စစ်ကောင်စီတပ်က တစ်စီးတစ်သိန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က လာရွေးခိုင်းတယ်လို့ ဒေသခံတွေဆိုပါတယ်။
” ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်လာကောက်တာ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပဲ လာရွေးခိုင်းတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက်က ဒီဖဲဝိုင်းကို စစ်ကောင်စီတပ်တွေ ဝင်ဖမ်းချိန်မှာ လူတွေထွက်ပြေးသွားတာကြောင့် ကျန်ခဲ့တဲ့ဆိုင်ကယ်တွေကိုသာ သိမ်းဆည်းသွားတာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
ရေးမြို့နယ်မှာ လောင်းကစားဝိုင်းတွေ တဖြည်းဖြည်းပေါများလာပြီး ဆိုင်ကယ်အခိုးခံရမှုတွေလည်း များပြားလာတယ်လို့ ဒေသခံက ပြောပါတယ်။
#Dailynews

