မုံရွာ-၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ညနေပိုင်းက Mytel ရုံးစောင့်တဲ့ စစ်ကောင်စီရဲတစ်ဦးပစ်သတ်ခံရပြီး ပစ်ခတ်သူတွေဟာ သေနတ်ပါ ယူသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ပစ်ခတ်မှုဖြစ်တဲနေရာဟာ မုံရွာမြို့ မိုးကောင်းဘုရားနား ကျောက္ကာလမ်းပေါ် က Mytel ရုံးဖြစ်တယ်လို့ဖြစ်စဉ်အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“အဲဒီမိုးကောင်းကျော်ကျော်နားက Mytel ရုံး သူတို့စောင့်နေတာ ဝင်ပစ်သွားတာလေ။ လက်နက်ပါရသွားတယ်လို့ကြားတယ်”လို့ ဒေသခံက မော်ကွန်းကို ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်တွေအင်အားအများအပြားနဲ့ လမ်းပိတ်စစ်ဆေးခဲ့တယ်လို့ အဲဒီဒေသခံကဆိုပါတယ်။
မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ MPDFကိုယ်စားပြု သံမဏိနဲ့အဖွဲ့ဝင်တွေက ပစ်ခတ်မှုဟာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲတစ်ဦးသေဆုံးကာ လက်နက်တစ်လက်သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
#Dailynews

