ရွှေဘို – ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်က ကျေးရွာတချို့ကို စစ်အုပ်စုလက်အောက်ခံတပ်တွေ ဝင်ရောက်နေတာကြောင့် ရွာလုံးကျွတ်တွေ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ ယခင်ရက်ကတည်းက ရွှေဘိုမြို့နယ် တက်တူ၊ ပလိုင်း ရွာတွေကို ဝင်ရောက်ခဲ့ပြီး ဒီကနေ့မှာ ရေတော်မူရွာကို ဝင်ရောက်လာခဲ့ကာ အင်အား ၃၀ ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဝင်တဲ့ရွာတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး
တတ်တူနဲ့ပလိုင်းရွာတွင် တပ်စွဲထားကြောင်း၊
တတ်တူရွာတွင် ၁၈ ယောက်၊ပလိုင်းရွာတွင် ၈ ယောက် ချထားကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့လည်း ပလိုင်းနဲ့တတ်တူမှာ တပ်စွဲထားတုန်းပဲ။ သူတို့လိုချင်တဲ့သူ မရရင်မပြန်ဘူးလို့လည်းပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့က ပလိုင်းကျေးရွာမှာ အိမ်နှစ်အိမ်ကို လက်နက်ကြီးနှင့်အရင်ပစ်ပြီး အိမ်နဲ့ ဝင်းအတွင်းက စပါးတိုက်၁လုံး၊ စပါးရိတ်စက် ၂ လုံးကို မီးရှိူ့သွားကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း အုတ်တိုက်အိမ် လေးလုံးနဲ့ ရိုးရိုးအိမ် ခြောက်လုံးကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ၁၈ ရက် နံနက် ၁ နာရီခန့်က ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူငယ်လေးဦး သေဆုံးခဲ့ရပါတယ်။
#Dailynews

