ဓါတ်ပုံ- Simulation ၊ CJ
မန္တလေး – ၂၀၂၁ ဇွန် ၁၉ (မော်ကွန်း)
မန္တလေးမြို့က သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းဟာ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ လူသိများပြီး စစ်အုပ်စုတပ်တွေအထပ်ထပ်ချထားတဲ့ စစ်တပ်ဘေးက ၃၈လမ်းမကြီးပေါ်တက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မန္တလေး ရတနာပုံတက္ကသိုလ် သပိတ်စစ်ကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်အဖြူတွေ ဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မန္တလေးမြို့က ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကတော့ “ကြောက်ခေတ်ကို မှောက်ပစ်” လို့ကြွေးကြော်ပြီး ချီတက်ဆန္ဓထုတ်ဖော်ခဲ့ကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အတူ ငါတို့အားလုံးရဲ့နိုင်ငံတော်”လို့ရေးသားထားတဲ့ ပိတ်စကိုကိုင်ဆောင်ကာ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဒီနေ့ကစလို့ ကြောက်ခေတ်ကို လွန်မြောက်စေရမယ်လို့လည်း ကျန်းမာရေးမိသားစု-မန္တလေး က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းကလည်း မြို့တွင်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
#Dailynews

