မန္တလေး – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း)
မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ ကျန်းမာရေးမိသားစု-မန္တလေးရဲ့ “သပိတ်စုံ သူပုန်ထ” သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မန္တလေးမြို့ရဲ့အရှေ့ဘက် မြို့အဝင် “Welcome To Mandalay” ဆိုင်းဘုတ်အနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ရေးအတွက် “ရရင်ရ မရရင်ချ” ဟူသော ကြွေးကြော်သံဖြင့် တော်လှန် ဆန္ဒပြခဲ့ကြတယ်လို့ ကျန်းမာရေးမိသားစု-မန္တလေးက ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ဘက်မှာလည်း ဧရာဝတီတော်လှန်ရေး၊ တောင်သူလယ်သမား ချိတ်ဆက်ရေးကွန်ယက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး GZ လူငယ်သပိတ်၊ စတဲ့ အဖွဲ့တွေ ပူးပေါင်းကာ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မန္တလေးမှာ ဒီနေ့နံနက်စောစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းတာကိုခံရပြီး ရှစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဓါတ်ပုံ-Simulation ၊ MW
#Dailynews

