မုံရွာ – ၂၀၂၁ ဇွန် ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်တစ်ဘက်ကမ်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ နံနက်ခင်းမှာ အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မုံရွာမြို့ပေါ်မှာလည်း မုံရွာလူထုသပိတ်ကော်မတီ ဦးဆောင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုစစ်ကြောင်းဟာ ဆိုင်ကယ်သပိတ်အဖြစ် မြို့တွင်းလှည့်လည်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေရှိနေတဲ့ ပေ ၈၀ လမ်းမကြီးပေါ်ထိတက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မုံရွာ-အမြင့်လမ်းက ကျေးရွာတွေကလည်း စုပေါင်း ပင်မသပိတ်စစ်ကြောင်းအဖြစ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
စစ်ကောင်စီ အာဏာသိမ်းယူခြင်းခံထားရတဲ့ စာသင်ခန်းတွေကို ခေတ္တခဏ ကျောခိုင်းပြီး ကိုယ့်ရဲ့ ရင်သွေးငယ်တွေအတွက် ပြည်သူ့ပညာရေးစနစ်ကို တော်လှန်ရေးကာလအတွင်းမှာ ဖော်ဆောင်ကြဖို့ မုံရွာလူထုသပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ- ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ
#Dailynews

