မိတ္ထီလာက မိုတယ်တစ်ခုမှာ ရာခိုင်နှုန်းမယူဘဲ K Pay ကနေ တစ်ဦး ငွေငါးသောင်း ထုတ်ပေး

မိတ္ထီလာက မိုတယ်တစ်ခုမှာ ရာခိုင်နှုန်းမယူဘဲ K Pay ကနေ တစ်ဦး ငွေငါးသောင်း ထုတ်ပေး

မိတ္ထီလာ – ၂၀၂၁ မေ ၂၀ (မော်ကွန်း)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ငွေထုတ်ရခက်နေတဲ့ ပြည်သူတွေအဆင်ပြေစေဖို့ မိုတယ်တစ်ခုမှာ K Pay ကနေ ရာခိုင်နှုန်းမယူဘဲ ထုတ်ပေး​နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Kpay အပါအဝင် mobile banking နဲ့ ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းပမာဏတွေ မတန်မဆများစွာပေးနေရတာကြောင့် မိတ္ထီလာက ပြည်သူတွေ အဆင်ပြေစေဖို့ မလှိုင် – မိတ္ထီလာလမ်းမကြီးပေါ်က Novia မိုတယ်ကနေ K Pay ငွေသားထုတ်ခြင်းကို ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

သောကြာ၊ စနေ၊ တနဂ်နွေ သုံးရက်နားပြီး ကျန်တဲ့ရက်တွေမှာ ငွေထုတ်ပေးမှာဖြစ်ကြောင်း၊ တစ်ဦးကို ငွေကျပ်ငါးသောင်းအထိ ထုတ်ပေးနေကြောင်း ပါဝင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး မြန်မာပြည်ဒေသအသီးသီးမှာ ပြည်သူတွေဟာ ဘဏ်တွေအပေါ်ယုံကြည်မှု ကျဆင်းလာတာကြောင့် အပ်နှံငွေတွေကို ရတဲ့နည်းနဲ့ထုတ်နေကြပါတယ်။

ဘဏ်စနစ်တွေ နှောင့်နှေးနေတဲ့အတွက် ပြည်သူများ ငွေကြေးကိစ္စဆောင်ရွက်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

K Pay၊ Wave Money အပါအဝင် Moblie Banking စနစ်နဲ့ ပြင်ပမှာ ငွေထုတ်ရာမှာလည်း ထုတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထက် အခကြေးငွေ ပေးနေကြရပါတယ်။

ဓာတ်ပုံ- ထီလာဆား


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."