မန္တလေး – ၂၀၂၁ မေ ၂၀ (မော်ကွန်း)
မန္တလေးမြို့က မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဟာ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ မြို့လယ်က ၈၁လမ်း လမ်းမကြီးပေါ်တက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သံဃာတော်တွေလည်း ပါဝင်တဲ့ ဘုရားကြီးစစ်ကြောင်း၊ တမ္ပဝတီလူထုစစ်ကြောင်း၊ အောင်မြေသာစံ ပညာရေးသပိတ်စစ်ကြောင်း၊ အ.ထ.က ၇ ကျောင်းသားကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း စတဲ့ စစ်ကြောင်း တွေပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဟာ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
နံနက်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်းနဲ့ မန္တလာ တက္ကသိုလ်ကျာင်းသား၊ သူများ သပိတ်စစ်ကြောင်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေရာအသီးသီးမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓါတ်ပုံ – Simulation
#Dailynews

