မိုးကုတ် – ၂၀၂၁ မေ ၁၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ မေလ ၁၉ရက် မနက် ၇ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းလာလို့ ကိုရင်တစ်ပါး အသက်ဆုံးပါး ပျံလွန်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မင်္ဂလာသုခရပ်၊ ပန်းသေတန်းရပ်ကွက်၊ တောင်ကျရေကျဆင်းမှုကြောင့် ရေနီချောင်းအတွင်းသို့ ကိုရင်(၁)ပါး မျောပါသွားခဲ့တာဖြစ်ပြီး လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်မှာ ကယ်ဆယ်လို့ရခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မိုးသည်းနေချိန် ဆွမ်းခံကြွရင်း ရေမြောင်းထဲကျပြီး ရေစီးအတိုင်းမျောပါသွားကာ ရေမြောင်းကတဆင့် ရေနီချောင်းထဲ ဆက်လက်မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း၊ မျောပါသွားတဲ့ ကိုရင်ငယ်မှာ မိုးကုတ်မြို့ စည်ပင်သာယာရပ် ကမ္မဌာန်းကျောင်းက ၁၂နှစ်အရွယ် ကိုရင်ဖြစ်ကြောင်း မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွင်းရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
Photo-MFSD & CJ
#Dailynews

