မန္တလေး – ၂၀၂၁ မေ ၅ (မော်ကွန်း)
မန္တလေးမြို့က မဟာမိတ်သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့စစ်ကျွန်ပညာရေးစနစ်တိုက်ဖျက်ရေး အတွက် ဒီကနေ့ မေလ ၅ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မန္တလေးပညာရေးမိသားစုသပိတ်စစ်ကြောင်းအပါဝင် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ အ.ထ.က( ၂၆) ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊အ.ထ.က( ၇) ကျောင်းသားဟောင်းများသပိတ်စစ်ကြောင်း၊မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊သမဝါယမတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊DTM (မန္တလေး)ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊၊MIITကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊တက္ကသိုလ်ဆရာဆရာမများသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊စိန်ပန်းလူထုသပိတ်စစ်ကြောင်း၊တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊အဖမ်းဆီးခံပြည်သူများကိုယ်စားပြုသပိတ်စစ်ကြောင်း ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
စုပေါင်းသပိတ်စစ်ကြောင်းအပြင် မြို့တွင်းအခြားနေရာမှာလည်း ရတနာပုံတက္ကသိုလ် ကျောင်းသား/သူများသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ကျဆုံးရေး လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့မှာ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ဖိအားပေးတာတွေရှိလာလို့ ဆရာဆရာမတွေ တိမ်းရှောင်နေရကြောင်း ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံများ -MBCJ
#Dailynews

