အမရပူရ – ၂၀၂၁ မေ ၅ (မော်ကွန်း)
အမရပူရမြို့ အ.ထ.က ၁ ကျောင်းရှေ့မှာ ဆေးသပိတ်ပြုလုပ်ထားတာကြောင့် စစ်ကောင်စီတပ်တွေ ဒေါသထွက်ကာ သေနတ်ပစ်ဖောက်ပြီး လာသမျှလူကို ဒီနေ့နံနက်မှာ ရိုက်နှက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“သူတို့က ကျောင်းရှေ့က ဆေးသပိတ်တွေကို ထုံးနဲ့ပြန်သုတ်ပြီး ဖျက်ပြီးသား။ ညရောက်တော့ ဆေးသပိတ်ထပ်လာလုပ်သွားလို့ ဒေါသထွက်ပြီး လာသမျှလူ ရိုက်နှက်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တွေကို စစ်ဆေးတာ၊ လူအချို့ကို လမ်းပေါ်ဝမ်းလျားမှောက်ခိုင်းတာ၊ ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုံစာ – စစ်ကောင်စီက ထုံးပြန်သုတ်ပြီးချိန် ထပ်လာလုပ်သွားတဲ့ ဆေးသပိတ်
ဓာတ်ပုံများ – CJ
#Dailynews

