ပုံစာ – တက်ကြွလှုပ်ရှားသူအချို့က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး “ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲ”ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့လယ်တွင် ဆန္ဒပြနေစဉ်
ဂေထော
ရန်ကုန်-၂၀၂၀ ဇန်နဝါရီ ၂၆ (မော်ကွန်း)

ပုံစာ – ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဟုဆိုကာ တက်ကြွလှုပ်ရှားသူအချို့က သမ္မတရုပ်ရှင်ရုံအရှေ့တွင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေစဉ်

ပုံစာ – ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဟုဆိုကာ တက်ကြွလှုပ်ရှားသူအချို့က သမ္မတရုပ်ရှင်ရုံအရှေ့တွင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေစဉ်

ပုံစာ – ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဟုဆိုကာ တက်ကြွလှုပ်ရှားသူအချို့က Sule Square ရှေ့တွင် ဆန္ဒပြနေစဉ်
ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် တရားမျှတမှုမရှိဟုဆိုကာ ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံရှေ့မှ မြို့တော်ခန်းမအရှေ့အထိ တက်ကြွလှုပ်ရှားသူ ၃၀ ခန့်က ဆိုင်းဘုတ်များကိုင်ကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုပွဲတွင် ပါဝင်သည့် မရမ်းကုန်းမြို့နယ်မှ မတင်မေအောင်က “ မဲမသမာမှုကို မလိုလားတဲ့အတွက်ကြောင့်မို့ လာရောက်ဝန်းရံတာပါ။ တတ်ကြွလှုပ်ရှားသူပေါ့၊။ အမျိုးသားရေးလည်းမဟုတ်ဘူး။အစ်မက ပြည်သူပါ”ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော် တရားဥပဒေစိုးမိုးမှုရရှိရေး၊ ပြည်ထောင်စုတရားသူကြီးချုပ်မှ နိုင်ငံတော်ကိုကယ်တင်ပေးရေး၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ် “အလိုမရှိ” နှင့် ပြည်သူ့ဆန္ဒ အမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ်”အလိုမရှိ” စသော ကြွေးကြော်သံတို့ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
#သတင်းဓာတ်ပုံ

